မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၅ ရက်

(၁၅.၂.၂၀၂၅)ရက်နေ့ နေ့လည်(၀၈၃၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ဆဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင် လက်မှတ်အပ်နှင်းခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ (၁၀၀၀)အချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ Call Room တွင် အန္ဒိယသံရုံးမှ သံအမတ်ကြီးဦးဆောင်အဖွဲ့နှင့် တွေ့ဆုံခြင်း အခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
