မြစ်ကြီးနားမြို့နယ်ဥပဒေအရာရှိမှ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့်အတူ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်

မြစ်ကြီးနား၊ ဖေဖော်ဝါရီလ

(၇.၂.၂၀၂၅) နှင့် (၁၀.၂.၂၀၂၅) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ဥပဒေအရာရှိ ဦးအာကာသိန်းဝင်း သည်ခရိုင်၊ မြို့နယ် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့်အတူ လိုက်ပါ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ပမ္မတီးရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ လယ်ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ‌ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအား ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ဟောပြောရှင်းလင်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)