မြစ်ကြီးနား၊ မတ်လ ၈ ရက်

(၈.၃.၂၀၂၅)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကမ်းနားလမ်း၊ Golden Ayar ရှေ့တွင် ရေလျှံတား အုတ်ရိုးစီကာခြင်းလုပ်ငန်း ပန္နက်တင်အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ပြည်နယ် မိုးလုံလေလုံအားကစားခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း၊ နံနက်(၁၀၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ယူနန်ဘုံကျောင်းတွင် မြစ်ကြီးနားတရုတ်အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင် များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ ပါသည်။
(သတင်းစဉ်)
