မကွေး၊ မတ်လ ၃၁ ရက်

၃၁-၃-၂၀၂၅ ရက်နေ့ နေ့လယ်အချိန်ခန့်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခ ဦးလှအောင်ခန်းမတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စပ်လျဉ်းသည့် ခေါင်းစဉ်ဖြင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ၊ လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိ၊ ဦးစီးအရာရှိများက စုပေါင်း၍ ဥပဒေစကားဝိုင်းကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
