မကွေး၊ ဧပြီလ

၁၂-၄-၂၀၂၅၊ ၁၃-၄-၂၀၂၅၊ ၁၄-၄-၂၀၂၅၊ ၁၅-၄-၂၀၂၅ ရက်နေ့များတွင် မကွေးမြို့၊ ကမ်းနား လမ်းတွင် မဟာသင်္ကြန်အကြို နေ့မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက် မဟာသင်္ကြန် ပွဲတော်နှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီး၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ၊ ပြည်သားများ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
