မကွေး၊ မေ ၁ ရက်

၁-၅-၂၀၂၅ ရက်နေ့ ညနေပိုင်းက မကွေးမြို့ တိုင်းဒေသကြီးပြည်သူ့အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးဘောလုံးချုပ်မှ ဦးစီးကျင်းပပြုလုပ်သည့် Magway City Cup ဘောလုံး ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှုး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားက စားဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
