မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွင်းပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနားသို့ တက်ရောက်

မကွေး၊ မေ ၂ ရက်

၂-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးအခန်းမ ၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွင်းပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးမြို့ပေါ်မှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)