မြစ်ကြီးနားမြို့၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်တွင် ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဧပြီ ၄ ရက်

(၄.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်တွင် ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး သွားရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)