မကွေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်

မကွေး၊ မေလ ၁၄ ရက်

၁၄-၅-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် လုပ်ငန်းဆပ်ကော် မတီဝင်များ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ကြပြီး လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)