မကွေး၊ ဇွန်လ ၂ ရက်

၂-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သည့် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေ အရာရှိ ဒေါ်မိသန္တာမြင့်၊ မကွေးတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကြီးကြပ်မှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
