ဘားအံမြို့၊ မေလ ၇ ရက်

၇.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း မိသားစုများနှင့် အလှူရှင်များမှ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ကရင် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
