မကွေး၊ ဇွန်လ ၁၃ ရက်

၁၃-၆-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့သစ်မြို့နယ်၊ အထက(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မကွေးတိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်း များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က မကွေး တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်ကေသီရွှေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲသော ဥပဒေများ အကြောင်းကို လည်းကောင်း၊ အဖွဲ့ဝင်တရားလွှတ်တော်ရှေ့နေ ဦးစောဝင်းမောင်က သစ်တောဥပဒေ နှင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးသည့် ဥပဒေများအကြောင်းကို လည်းကောင်း၊ အမှတ် (၁၅) ယာဉ်ရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမင်းလွင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးဥပဒေ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
