မကွေး၊ ဇွန်လ ၁၇ ရက်

၁၇-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းခရိုင်၊ ရေနံချောင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ရေနံချောင်းမြို့၊ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၃၇၅/၃)အနီးရှိ အပူပိုင်းဒေသ စိမ်းလမ်းစိုပြည်ရေး ဦးစီးဌာန၏ အထူးစိမ်းလမ်းစိုပြည်ရေး (Greening Complex Zone)ဇုန် စီမံကိန်းဧရိယာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
