ကချင်ပြည်နယ်ဗုဒ္ဓနေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲတော် အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မေလ ၁၁ ရက်

(၁၁.၅.၂၀၂၅)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ဆုတောင်းပြည့်စေတီတော်တွင် ကချင်ပြည်နယ်ဗုဒ္ဓနေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲတော် အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး  တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)