မြစ်ကြီးနားမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ် ရန် ရေကာတာ၊ ရေတားတမံ တည်ဆောက်ခြင်းနှင့် ငလျင်ဘေးဒဏ်သင့်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနား၊ ကချင် ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကချင် ပြည်နယ် ဥပဒေချုပ်ရုံးမှ စာရေးဝန်ထမ်းများ၏ စီမံ/အမှု လိုက်/ငွေစာရင်း လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားများ သို့တက်ရောက်

မြစ်ကြီးနား၊ မေလ ၃၀ ရက်

(၃၀.၅.၂၀၂၅)ရက်နေ့ နံနက်(၀၈၃၀)အချိန် မြစ်ကြီးနားမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့ တက်ရောက်ခဲ့ကြောင်း၊ မွန်းလွှဲ(၁၄၃၀)အချိန် မြစ်ကြီးနားမြို့၊  ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ် ရန် ရေကာတာ၊ ရေတားတမံ တည်ဆောက်ခြင်းနှင့် ငလျင်ဘေးဒဏ်သင့်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင် များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ မွန်းလွှဲ(၁၅၃၀) အချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကချင် ပြည်နယ် ဥပဒေချုပ်ရုံးမှ စာရေးဝန်ထမ်းများ၏ စီမံ/အမှုလိုက်/ငွေစာရင်း လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊  ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း၊ ရုံးအဖွဲ့မှူး၊ ဒုတိယပြည်နယ် ဥပဒေအရာရှိများ၊လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ ပါသည်။

(သတင်းစဉ်)