မြစ်ကြီးနား၊ ဇွန်လ ၆ ရက်

(၆.၆.၂၀၂၅) ရက်နေ့ ညနေ(၁၆၀၀)အချိန်တွင် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးမှကြီးမှူးပြီး ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်ဥပဒေရုံးများရှိ ဝန်ထမ်း သား/ သမီးများကို ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း၊ ရုံးအဖွဲ့မှူး၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဒုတိယမြို့နယ် ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် ရုံးဝန်ထမ်းသား/သမီးများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
(သတင်းစဉ်)
