မြစ်ကြီးနား၊ ဇွန်လ ၁၈ ရက်

(၁၈.၆.၂၀၂၅)ရက်နေ့ နံနက်(၀၇၃၀ )အချိန်တွင် မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာသစ် လမ်းတွင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပြီး နံနက်(၁၁၄၅)အချိန်တွင် မြစ်ကြီးနားမြို့၊ အ.ထ.က(၃)တွင် တက္ကသိုလ်ဝင်တန်း (Grade-12) ဖြေဆိုနေသည့် ကျောင်းသူ/သားများအား အာဟာရထောက်ပံ့ခြင်းသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
