မြစ်ကြီးနား၊ ဇွန်လ ၂၀ ရက်

(၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ငြိမ်းချမ်းသာယာ ပိုက်ကျော်ခြင်း အားကစားရုံတွင် ကျင်းပသည့် ဝန်ကြီးချုပ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၃)အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပြီး နံနက်(၁၁၄၅)အချိန်တွင် မြစ်ကြီးနားမြို့၊ ပမ္ပတီးရပ်ကွက်၊ အ.ထ.က(၄)တွင် တက္က သိုလ်ဝင်တန်း (Grade-12) ဖြေဆိုနေသည့် ကျောင်းသူ/သားများအား အာဟာရထောက်ပံ့ခြင်းသို့ ကချင်ပြည်နယ် အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
