ထားဝယ်၊ ဇွန်လ ၃၀ ရက်

၃၀.၆.၂၀၂၅ ရက်နေ့ နေ့လယ် (၁:၀၀) နာရီအချိန် ကော့သောင်းခရိုင်နှင့် မြို့နယ် ဥပဒေရုံး ယာယီဖွင့် လှစ်ထားသည့် အဆောက်အဦသို့ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့ ရောက်ရှိပြီး ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအား တွေ့ဆုံ ၍ ရွေးကောက်ပွဲဆိုင်ရာစနစ်များ ဖြစ်သည့် ပထမရသူအနိုင်ရရှိသည့်စနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်များကို ရှင်းလင်းပြောကြားကာ ဥပဒေအရာရှိများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲဆိုင်ရာတည်ဆဲဥပဒေများကို ကြိုတင်လေ့လာထားရှိရန် နိုင်ငံ့ ဝန်ထမ်းများ ပါတီ၊ နိုင်ငံရေးကင်းရှင်းရန် ယာယီရုံးဖွင့်လှစ်ထားရှိမှုနှင့်စပ်လျဉ်းသည့် လူပုဂ္ဂိုလ် လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်ကြ ရန် မှာကြားခဲ့ပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးအသစ် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
