ထားဝယ်၊ ဇူလိုင်လ ၂၁ ရက်

၂၁.၇.၂၀၂၅ ရက်နေ့ နံနက် (၀၉၃၀)အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ စာရေးဝန်ထမ်း (၁၃)ဦးအား ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ထားဝယ်ခရိုင်ဥပဒေအရာရှိနှင့် ရုံးအုပ်များက ၂၁.၇.၂၀၂၅ ရက်နေ့မှ ၂၄.၇.၂၀၂၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
(သတင်းစဉ်)
