ထားဝယ်၊ ဇူလိုင်လ ၂၄ ရက်

၂၄.၇.၂၀၂၅ ရက်နေ့ နေ့လယ် (၀၁၀၀)အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်း အဝေးခန်းမ၌ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနား ကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက် ရောက်ခဲ့ကြပြီး သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ပြီး သင်တန်းတက် ရောက်သည့် သင်တန်းသား၊ သင်တန်းသူတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
