မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင် တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ တက်ရောက်

မကွေး၊ ဇူလိုင် ၉ ရက်

၉-၇-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင် တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)