မကွေးမြို့နယ် စုပေါင်းရုံးအခန်းမ၌ မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course ၁/ ၂၀၂၅ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇူလိုင် ၂၁ ရက်

၂၁-၇-၂၀၂၅ ရက်နေ့ နံနံက်(၉:၀၀)နာရီအချိန်က မကွေးမြို့နယ် စုပေါင်းရုံးအခန်းမ၌ မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course ၁/ ၂၀၂၅ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)