မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇူလိုင် ၂၅ ရက်

၂၅-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)