မကွေးခရိုင်၊ အသေးစားစာက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးစီးမံ ကိန်း ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်‌ရောက်

မကွေး၊ ဩဂုတ် ၅ ရက်

၅-၈-၂၀၂၅ ရက်နေ့ နံနက်(၉:၃၀)အချိန်က မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ မကွေးခရိုင်၊ အသေးစားစာက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးစီးမံ ကိန်း ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေနှင့် တိုင်းဒေသကြီး အဆင့် တာဝန်ရှိသူများ၊ မကွေးမြို့နယ် ကျေးရွာ (၆)ရွာတို့မှ ဒေသခံ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)