ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဩဂုတ် ၇ ရက်

၇-၈-၂၀၂၅ ရက်နေ့ နံနက်(၉၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်စခန်းကွပ်ကဲမှု ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)