တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ ၌ ရွေးကောက်ပွဲဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပ

ထားဝယ်၊ ဩဂုတ်လ ၂၂ ရက်

၂၂.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌  ရွေးကောက် ပွဲဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး မြိတ်ခရိုင်ဥပဒေရုံး၊ ကော့သောင်းခရိုင်ဥပဒေရုံးနှင့် ဘုတ်ပြင်းခရိုင်ဥပဒေရုံးတို့မှ အရာထမ်းများ Online ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)