မကွေး၊ ဩဂုတ် ၂၇ ရက်

၂၇-၈-၂၀၂၅ ရက်နေ့နံနက် (၈:၀၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအဆင့် အောင်ချက်အကောင်းဆုံး ရရှိသည့် မြို့နယ်များ၊ ကျောင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဆုရမောင်မယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
