မကွေး၊ ဩဂုတ် ၂၇ ရက်

၂၇-၈-၂၀၂၅ ရက်နေ့ နေ့လယ်(၁:၀၀)အချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခ ဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆောင်၍ ဥပဒေစကားဝိုင်း ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်နိုင်ခေါင်းဆောင်သော အဖွဲ့မှ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
