မကွေး၊ ဩဂုတ် ၂၈ ရက်

၂၈-၈-၂၀၂၅ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာ အုပ်စု၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ဆောင်ရွက်လျက် ရှိရာ မကွေးတိုင်းဒေသကြီး ၂၀၂၅ခုနှစ်၊ မိုးရာသီ (စတုတ္ထအကြိမ်) သစ်ပင်စိုက်ပျိုး ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ မကွေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာ ကျောင်းသူများ၊ ဒေသခံပြည်သူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
