မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသတ်မဲပေးခြင်းများ ပြုလုပ်သည့် အခမ် းအနားသို့ တက်ရောက်

မကွေး၊ ဩဂုတ် ၃ ရက်

၃-၈-၂၀၂၅ ရက်နေ့ နေ့လယ်(၂:၃၀)နာရီအချိန်က အထက(၁)၊ အထက(၂)၊ အထက(၃) နှင့် အထက(၄)တို့တွင် မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသတ်မဲပေးခြင်းများ ပြုလုပ်သည့် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊      တိုင်းဒေသကြီးဥပဒေချုပ်    ဦးတင့်ဝေ၊    တိုင်း၊    ခရိုင်၊   မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များက မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ်မဲပေးခြင်းများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)