မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံးခန်းမတွင် ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီး ဌာန၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ကချင်ပြည်နယ်ဥပဒေချုပ် ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ အခြားဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ကြီးကြပ်မှုအောက်ရှိ ခရိုင်/မြို့နယ်ဥပဒေအရာရှိများ တက်ရောက်

မြစ်ကြီးနား၊ ဩဂုတ် ၂၉ ရက်

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံးခန်းမတွင် ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီး ဌာန၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးထိန်လင်းကျော်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြားဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ကြီးကြပ်မှုအောက်ရှိ ခရိုင်/မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ ကြပါသည်။ ထို့နောက် မွန်းလွဲ(၁၃၀၀) အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေ အရာရှိက စီစဉ်ဆောင်ရွက်ပေးခဲ့သော ဗလာမပါ ကံစမ်းမဲများကို ကချင်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် နီးစပ်ရာခရိုင်ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော အမှုထမ်းများမှ ပျော်ရွှင်စွာ ကံစမ်းမဲနှိုက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)