ဘားအံမြို့၊ ဩဂုတ် ၇ ရက်

၇.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ခန်းမတွင် ကရင်ပြည်နယ်ရေဘေးရန်ပုံငွေဖြင့် ဝယ်ယူထားသော နွားစာနု(၇၅၀)အိတ်ကို ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်၍ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ရေဘေးရှောင် ကျွဲ၊ နွား များအတွက် ပေးအပ်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက် ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
