ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော  ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ရာနှုန်း   ကောင်း မွန်သော မြို့နယ်နှင့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဩဂုတ် ၈ ရက်

၈.၈.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ခန်းမတွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့မှ  ကြီးမှူးကျင်းပသော  ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ရာနှုန်း   ကောင်းမွန်သော မြို့နယ်နှင့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ကရင်   ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)