လှိုင်းဘွဲချောင်း လူကူးကြိုးတံတား(၂၄၀)ပေ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

လှိုင်းဘွဲ့၊ ဩဂုတ် ၉ ရက်

၉.၈.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် လှိုင်းဘွဲမြို့၊ အ.ထ.က(၁) ကျောင်းအနီး၊ (က)ရပ်ကွက်၊ ရွှေဂွန်းလမ်း(ဇင်ယော်ဖြတ်လမ်းမှ အ.ထ.က(၁)ရှေ့လမ်း) ဖြတ်ကျော်တည် ဆောက်သည့် ” လှိုင်းဘွဲချောင်း လူကူးကြိုးတံတား(၂၄၀)ပေ ဖွင့်ပွဲအခမ်းအနားသို့    ကရင် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ    တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါ သည်။

(သတင်းစဉ်)