လှိုင်းဘွဲ့၊ ဩဂုတ် ၁၁ ရက်

၁၁.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် လှိုင်းဘွဲမြို့၊ အောက်ရေပူကျေးရွာအုပ်စု၊ အောက်ရေပူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ” မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်း နည်းပညာ သင်တန်း(ပထမအကြိမ်)နှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ် မှုနည်းပညာသင်တန်း(ဒုတိယအကြိမ်)” ဆင်းပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
