၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဩဂုတ် ၁၂ ရက်

၁၂.၈.၂၀၂၅ ရက်နေ့ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)