၂၀၂၅ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီး ချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ  အသက် ၂၅ နှစ်အောက်  အမျိုး သမီးဘောလုံးပြိုင်ပွဲ ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဩဂုတ် ၁၈ ရက်

၁၈.၈.၂၀၂၅ ရက်နေ့  မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင် အားကစားကွင်း၌ ၂၀၂၅ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ် ပေါင်းစုံ  အသက် ၂၅ နှစ်အောက်  အမျိုးသမီးဘောလုံးပြိုင်ပွဲ ” ဖွင့်ပွဲအခမ်းအနားသို့ ကရင် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှတက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)