အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌  မကွေးမြို့၊ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၇) ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ စက်တင်ဘာ ၁၂ ရက်

၁၃-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌  မကွေးမြို့၊ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၇)ကြိမ်မြောက် လက်ထောက်ကျန်းမာရေး မှူး (အကျဉ်းချုံး)သင်တန်းဆင်းပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊  မကွေးမြို့ရှိ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်း အုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်း ဆင်းမောင်မယ်များ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)