မကွေး၊ အောက်တိုဘာ ၄ ရက်

၄-၁၀-၂၀၂၅ ရက်နေ့ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို)အဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြု အသင်းအား ပို့ဆောင်နှုတ်ဆက်သည့် နေရာသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
