ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၂၅ခုနှစ်)(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ ၅ ရက်

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၂၅ ခုနှစ်)  (မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သောတာဝန်ရှိသူများ တက်ရောက် ကြပါသည်။

ဦးစားပေးပြင်ဆင်လိုသည့် ဥပဒေများ စိစစ်တင်ပြရန် လမ်းညွှန်ချက်အရ ယခုဥပဒေ (မူကြမ်း)ကို ပြင်ဆင်ရန်  ကျန်းမာရေးဝန်ကြီးဌာနက တင်ပြလာသည့်အတွက် ယင်းဥပဒေ (မူကြမ်း)အပေါ် အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

                                                                                          ( သတင်းစဉ်)