အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း” ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ စက်တင်ဘာ ၁၁ ရက်

၁၁.၉.၂၀၂၅ ရက်နေ့ မွန်းလွဲ(၂:၀၀) နာရီအချိန်  ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲအခမ်း အနားသို့  ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်မှ  တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)