အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး၊ အောက်တိုဘာ ၁၃ ရက်

၁၃-၁၀-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ ဒုတိယ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမျိုးမင်းဇော်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မျိုးဆက်သစ်မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)