မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ မကွေးတက္ကသိုလ်နှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ အောက်တိုဘာ ၁၈ ရက်

၁၈-၁၀-၂၀၂၅ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ မကွေးတက္ကသိုလ်နှင့် မကွေး တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာနည်းပြများ၊ ဆွေးနွေးပွဲတက်ရောက်မည့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)