မကွေးမြို့နယ်၊ ယင်းသာစည်(အနောက်) SMART Village ကျေးရွာတွင် ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာ ၁၅ ရက်

၁၅-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ ယင်းသာစည်(အနောက်) SMART Village ကျေးရွာတွင် ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)