မကွေး၊ နိုဝင်ဘာ ၁၇ ရက်

၁၇-၁၁-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးဆာဖိုးသာစပါးမျိုး တစ်ဧက တင်း(၁၅၀)အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧက တင်း(၁၃၀)အထက် ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေတို့က တက်ရောက်၍ ဆာဖိုးသာစပါးမျိုးနှင့် အောင်နိုင်တိုးစပါးမျိုး စိုက်ပျိုး ထုတ်လုပ်သော တောင်သူများအား ဂုဏ်ပြဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
