မြစ်ကြီးနား၊ အောက်တိုဘာ ၇

(၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ဧရာရပ်ကွက်ရှိ မြစ်ကြီးနားခရိုင်စုပေါင်းရုံးရှေ့ နှင့် မြို့မရပ်ကွက်ရှိ ပြည်နယ်မီးသတ်ရုံးအနီးတို့တွင် မဲဆန္ဒရှင်အသိပညာပေးဆိုင်းဘုတ် (Bill Board) များစိုက်ထူခြင်းအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
