မြစ်ကြီးနား၊ အောက်တိုဘာ ၇

(၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးဝင်းအတွင်း ကချင် ပြည်နယ်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲရုံးခန်း၊ ကချင် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီရုံး၊ ကချင်ပြည်နယ်ဥပဒေရေးရာလုပ်ငန်းဆပ် ကော်မတီရုံးခန်းနှင့် တိုးချဲ့ခန့်ထားသော ဥပဒေအရာရှိများအတွက် တည်ဆောက်မည့်တိုးချဲ့ဆောင် အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး ဦးဆောင်၍ ရုံးအဖွဲ့မှူး၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ မြစ်ကြီးနားခရိုင်အတွင်းရှိ ဥပဒေအရာရှိများ၊ ဗန်းမော်ခရိုင်အတွင်းရှိ ဥပဒေအရာရှိများမှ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
