မြစ်ကြီးနား၊ အောက်တိုဘာ ၂၁

(၂၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ဘုမ္မောရပ်ကွက်ရှိ ရန်အောင်မြင် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓဘိသေကမင်္ဂလာ၊ ကံဆောင်မင်္ဂလာ ဦးညွတ် ဂုဏပူဇာမင်္ဂလာနှင့် (၃၂)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းပွဲတော်ကြီး ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
