မြစ်ကြီးနားမြို့၊ ပြည်နယ်အားကစားကွင်းတွင် ကျင်းပသည့် အသက်(၁၅)နှစ်အောက် ကျား/မ မီနီမာရသွန်အားကစားပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၉ ရက်

၂၉.၁၁.၂၀၂၅ ရက်နေ့ ၀၆၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ပြည်နယ်အားကစားကွင်းတွင် ကျင်းပသည့် အသက်(၁၅)နှစ်အောက် ကျား/မ မီနီမာရသွန်အားကစားပြိုင်ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ  ကချင်ပြည်နယ်ဥပဒေချုပ်  ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)